ဗော်ညဳသၟဟ်မန် ပံက် ကမ္မတဳ ရီုဗၚ်စဵုဒၞာ ယဲကပ် COVID-19 မွန်ညီညွတ်ရေးပါတီ COVID-19 တားဆီးကာကွယ်ကူညီရေးကော်မတီဖွဲ့စည်း

145

မွန်ညီညွတ်ရေးပါတီမှ မြို့နယ်အဆင့် Covid 19 တားဆီးကာကွယ်ကူညီရေး ကော်မတီ ဖွဲ့စည်း
မတ် ၃၀၊ ၂၀၂၀
Myint Soe
မွန်ညီညွတ်ရေးပါတီမှ Covid 19 တားဆီးကာကွယ်ကူညီရေး လုပ်ငန်းဖော်ဆောင်ရေးအတွက် မွန်ပြည်နယ်၏ အစွန်းဆုံး ဖြစ်သော ရေးမြို့နယ်တွင် မြို့နယ်အဆင့် ကော်မတီဖွဲ့စည်းနိုင်ရန်အတွက် ၂၈/၀၃/၂၀၂၀ ရက်နေ့တွင် ရေးမြို့ပေါ်ရှိ မွန်ညီညွတ်ရေးပါ တီ၏ မြို့နယ်ရုံမှာ နေ့လယ် ၁၁ နာရီတွင် အရေးပေါ် အစည်းဝေးတစ်ရပ် လုပ်ဆောင်ခဲ့ပါသည်။
ယင်းအစည်းဝေးတွင် မွန်ညီညွတ်ရေးပါတီ၏ ဒုတိယ ဥက္ကဌ နိုင်ချမ်းတွဲ့၊ တွဲဖက်အထွေထွေအတွင်းရေးမှူး နိုင်လယိတမ၊ ဗဟိုအလုပ်မှုဆောင်များနှင့် ရေးမြို့နယ်မှ အလုပ်မှုဆောင်များနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ပြီး ၂၈/၃/၂၀ ရက်နေ့တွင် ရေးမြို့နယ် ရောဂါ တားဆီးကာကွယ် ကူညီရေး ကော်မတီတရပ်ကို အောင်မြင်စွာ ဖွဲ့စည်းခဲ့ပါသည်။
ထို့နောက် ၂၉/၀၃/၂၀၂၀ ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်အတွက်ကိုလည် ၎င်းမြို့ပေါ်ရှိ မွန်ဘုန်းတော်ကြီးကျောင်း ဟံသာထော ကျောင်းတိုက်တွင် အရေးပေါ် အစည်းအဝေး လုပ်ဆောင်ပြီး ရောဂါတားဆီးကာကွယ်ကူညီရေး ကော်မတီတရပ်ကိုလည် ထပ်မံ ဖွဲ့စည်းနိုင်ခဲ့သည်။
၎င်းအစည်းအဝေး နှစ်ရပ်လုံးတွင် Covid 19 ရောဂါနှင့် ပတ်သက်သော တားဆီး ကာကွယ် ကူညီရေး လုပ်ငန်းဖော်ဆောင်မှု အဆင့်ဆင့်ကို ဗဟိုအလုပ်မှုဆောင်များက ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသော မြို့နယ်ကော်မတီများက ၎င်းရောဂါနှင့်ပတ်သက်ပြီး မရှင်းမလင်းဖြစ်နေသော အကြောင်းရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ရောဂါ တားဆီကာကွယ်နိုင်ရေးအတွက် လိုအပ်တဲ့ လုပ်ဆောင်ချက်များ အကောင်အထည်ဖော် လုပ်ဆောင်နိုင်ရန် ရေးမြို့နယ်နှင့် သံဖြုဇရပ်မြို့နယ်များအတွက် ဒေသစုံစုံလင်လင်ဖြင့် ပါဝင်နိုင်ရန် ဖွဲ့စည်းနိုင်ခဲ့သည်။ ဤလုပ်ငန်းဖော်ဆောင်နိုင်ရန်အတွက် စတင်အကောင်ထည် ဖော်ဆောင်သွားမည်ဖြစ်သည်။

ပါတီဗဟိုအဆင့် COVID-19 ရောဂါတားဆီးကာကွယ်ကူညီရေးကော်မတီကို ၂၅-၃-၂၀ ရက်နေ့ မော်လမြိုင်မြို့ ပါတီဌာနချုပ်ရုံးတွင် ဖွဲ့စည်းပြီး ဖြစ်သည်။

Image may contain: 1 person, sitting and indoor

1 comment

  1. Greate post. Keep posting such kind of info on your page.
    Im really impressed by it.
    Hey there, You have done an incredible job.

    I will certainly digg it and individually recommend
    to my friends. I’m sure they’ll be benefited from this site.

    My blog post :: Buy CBD

Leave a reply

Please enter your comment!
Please enter your name here